Future Students
Intake
Information
𝐘𝐈𝐔 မှာ သင်ကြားနိုင်မယ့်ဘာသာရပ်များကတော့ ခြေချော်လက်ချော်နဲ့ တက္ကသိုလ်ဝင်တန်း မအောင်မမြင်ဖြစ်ခဲ့ရင်လည်း စိတ်ဓာတ်ကျစရာမလိုပဲ တက်ရောက်နိုင်သော 𝗨𝗞 မှပေးအပ်သည့်
🖌𝗟𝗲𝘃𝗲𝗹 (𝟯) – 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗜𝗧
🖌𝗟𝗲𝘃𝗲𝗹 (𝟯) – 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနဲ့ 𝗜𝗚𝗖𝗦𝗘 အောင်မြင်ပြီးသူတွေတက်ရောက်နိုင်သော
🖌𝗟𝗲𝘃𝗲𝗹 (𝟰)- 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 (𝗨𝗞)
🖌𝗟𝗲𝘃𝗲𝗹 (𝟰) – 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 (𝗨𝗞)
ထိုမှတဆင့်
🎓𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗟𝗮𝗻𝗰𝗮𝘀𝗵𝗶𝗿𝗲
🎓𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗕𝘂𝗰𝗸𝘀 𝗡𝗲𝘄 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
🎓𝗠𝗮𝘀𝘁𝗲𝗿 𝗼𝗳 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗕𝘂𝗰𝗸𝘀 𝗡𝗲𝘄 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
ကွန်ပျူတာနှင့်သတင်းအချက်အလက်နည်းပညာဘွဲ့ 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞) ဘွဲ့ကိုတော့ UK မှာ ရှိတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐋𝐚𝐧𝐜𝐚𝐬𝐡𝐢𝐫𝐞 မှပေးအပ်တာဖြစ်ပါတယ်။ Uclan တက္ကသိုလ်ဟာ Centre for World University Rankings (CWUR) အရ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများ၏ 3.7% အတွင်းမှာ ရှိပြီး Top UK University League Table 2020 အရ UK တွင်ရှိသော တက္ကသိုလ်များတွင် Ranking (75) အဆင့်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော UK University တစ်ခုဖြစ်ပါသည်။ ဒီဘွဲ့ကို 𝗬𝗜𝗨 (𝗬𝗼𝘂𝘁𝗵 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝐚𝐥 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆) ဟာ UK မှာ ရှိတဲ့ NCC ဆိုတဲ့ အဖွဲ့အစည်းနှင့်ပူးပေါင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🎓စီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပညာရပ် 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကိုတော့ UK မှာရှိတဲ့ Buckinghamshire New University က ပေးအပ်တာဖြစ်ပါတယ်။ ၎င်း တက္ကသိုလ်ဟာ Top UK University League Table 2020 အရ UK တွင်ရှိသော တက္ကသိုလ်များတွင် Ranking (115) အဆင့်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော UK University တစ်ခုဖြစ်ပါသည်။ ဒီဘွဲ့ကို YIU ဟာ UK မှာ ရှိတဲ့ Magna Carta College Oxford အဖွဲ့အစည်းနှင့်ပူးပေါင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်..
ကွန်ပျူတာ နဲ့အိုင်တီ ပညာရပ် 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺 (𝗨𝗞) ဘွဲ့ကိုတက်ရောက်ချင် သူများကတော့ YIU မှာ HND Diploma in Computing ကို Level 4 နှင့် Level 5 ဆိုပြီး ၂ နှစ်တက်ရောက်၍ ပညာသင်ကြားရမှာဖြစ်ပါတယ်။ ၎င်း ၂ နှစ်ဟာ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် ကို တက်ရောက်နေတာဖြစ်ပြီး YIU မှာ ပဲ တတိယနှစ် Level 6 Business Computing & Information Systems ကို တက်ရောက်ကာ University of Central Lancashire (UK) ကပေးအပ်သော 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ စုစုပေါင်း ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
စီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပညာရပ် 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကိုတက်ရောက်ချင် သူများကတော့ YIU မှာ HND Diploma in Business ကို Level 4 နှင့် Level 5 ဆိုပြီး ၂ နှစ်တက်ရောက်၍ ပညာသင်ကြားရမှာဖြစ်ပါတယ်။ ၎င်း ၂ နှစ်ဟာ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် ကို တက်ရောက်နေတာဖြစ်ပြီး YIU မှာ ပဲ တတိယနှစ် Level 6 Business Management ကို တက်ရောက်ကာ Bucks New University (UK) ကပေးအပ်သော 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ စုစုပေါင်း ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
Hostel
ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ YIU သို့လာရောက် ပညာသင်ကြားကြသော ကျောင်းသားကျောင်းသူများ အတွက် YIU မှ အဆောင်များ စီစဉ်ထားရှိပေးထားပါသည်။ အဆောင်ခများတော့ပေးရပါသည်။ Admission ဌာ န တွင် စုံစမ်းနိုင်ပါသည်။ အဆောင်များတွင် –
- လေအေးပေးစက်
- အဝတ်လျှော်စက်
- ၂ ထပ် ကုတင်
- အပတ်စဉ် သန့်ရှင်းရေး
- Locker တစ်ကန့်
Life At Yangon
- မနက်စောစော အင်ယားကန်ဘောင်တွင်လမ်းလျှောက်နိုင်ခြင်း၊ ကန်တော်ကြီးတွင်လမ်းလျှောက်နိုင်ခြင်း ဖြင့် ကုန်ကျစရိတ်မရှိဘဲ သွေးလည်ပတ်မှု ကောင်းမွန်ခြင်း၊ စိတ်ကြည်လင်လန်းဆန်းစေခြင်
- ကုန်ကျစရိတ် အသင့်အတင့်ရှိသော လူနေ ရပ်ကွက်များအတွင်းရှိ Gym များ ဆော့ကစားနိုင်ခြင်း
- ကျောင်းသားကျောင်းသူများ Team အလိုက် Futsal ဘောလုံးဆော့ကစားနိုင်ခြင်း
- YIU (MICT Campus) တွင် KBZ Bank နှင့် AYA Bank နှစ်ခု ရှိပြီး YIU နှင့် နီးကပ်စွာရှိနေခြင်းကြောင်း ၎င်း ဘဏ် ၂ ခု နှင့် ငွေရေးကြေးရေးကိစ္စများ ဆောင်ရွက်ရာတွင် အချိန်ကုန်၊ လူပန်း သက်သာစေပါသည်။
- YIU (Kabar Aye Campus) ၏ ဘေးကပ်လျှက်တွင်ပင် AYA Bank တည်ရှိနေပြီး မလှမ်းမကမ်း ပုလဲ ကွန်ဒို နှင့် Myanmar Plaza တို့တွင်လည်း KBZ Bank, AYA Bank နှင့် CB Bank တို့ ရှိနေပါသည်။
Career
Diploma / ဘွဲ့ရရှိပြီးသူများအနေဖြင့် IT Management/ Consultantcy, Network Engineer, Software Engineering, Data Management, Information Systems Management, Cyber Security, Business Administration/ Management ,Entrepreneur စသော နယ်ပယ်များတွင် လုပ်ငန်းခွင်စတင်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
Transportation
MICT Campus သို့လာလျှင် ပြည်လမ်းဘက်လည်း လာနိုင်ပါသည်။ အင်းစိန်လမ်းဘက်မှလည်း လာနိုင် ပါသည်။
- ပြည်လမ်းဘက်မှ လာလျှင် YBS 30, 35, 37 စသည့် ဘတ်စ်ကားများ စီး၍ လာနိုင်ပါသည်။
- အင်း စိန်လမ်းဖက်မှ လာလျှင် YBS 21, 30, 41, 63, 65, 75 စသည့် ဘတ်စ်ကားများ စီး၍ လာနိုင်ပါသည်။
ကမ္ဘာအေး Campus ကိုလျှင် YBS 36, 87, 90 စီး၍ လာနိုင်ပါသည်။
ကျောင်းသားကျောင်းသူများ အဆင်ပြေစေရန် YIU ၌ ကိုယ်ပိုင်ကျောင်းကား များလည်း စီစဉ်ထားရှိပါ သည်။ ကျောင်းကား စီးလိုသူများအနေဖြင့် သက်ဆိုင်ရာလမ်းကြောင်းအလိုက် ကျောင်းကားခ ရှိမှာ ဖြစ်ပါ သည်။
Student Culture
ကျောင်း၏အတန်းတိုင်းရှိ အတန်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော YIU Students’ Activity Team (YIUSAT) သည် ကျောင်း၏ Activity များတွက် တက်ကြွစွာဦးဆောင် လှုပ်ရှားကြသည်။ အတန်းတိုင်းရှိ EC များသည်လည်း တက်ကြွစွာပါဝင်ကြသည်။
YIUSAT သည် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏာရေးမှုးတ စသည်တို့ဖြင့် စနစ်တကျဖွဲ့စည်းထားပြီး ကျောင်းသားများ၏ကိုယ်စား ဦးဆောင် လုပ်ဆောင်လျှက်ရှိပါသည်။